မကွေးမြို့နယ် ရှားပင်လှကျေးရွာတွင် ဥစားကြက်မွေးမြူရေးဇုံနှင့် စနစ်တကျ လယ်ယာမြေစိုက်ပျိုးရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါသည်။ ဥစားကြက်မွေးမြူရေးဇုအတွက် ကြက်ခြံ (၁၂) ခြံ၊ တစ်ခြံလျှင် အကောင် ၃၀၀၀ နှုန်းဖြင့် အကောင်ရေစုစုပေါင်း ၃၆၀၀၀ မွေးမြူသွားမည်ဖြစ်ပါသည်။ ကြက်မွေးမြူရေးဇုံ ထူ ထောင်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်း အသားနှင့်ဥများ ဖူလုံစေမည်ဖြစ်ကြောင်းသိရှိရသည်။
စနစ်တကျ လယ်ယာမြေစိုက်ပျိုးရေး အကောင်အထည်ဖော်ရာတွင် ဧကအားဖြင့် ၁၅၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်ဧကအကွက်များဖြင့် ညီညာပြန့်ပြူးနေတဲ့အတွက် ခေတ်မီစက်များဖြင့်လည်း စိုက်ပျိုးနိုင်သလို တစ်သီးစားမှနှစ်သီးစားသုံးသီးစားအထိ စိုက်ပျိုးနိုင်မှာဖြစ်ပါသည်။ စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ ကွင်းဆက်တစ်လျှောက် စနစ်တကျစိုက်ပျိုးသွားမှာဖြစ်တဲ့အတွက် အရည်အသွေးနှင့်အထွက်နှုန်းလည်း ကောင်းမွန်တိုးတက်လာနိုင်မှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်း အထိပြီးစီးနေပြီဖြစ်၍ ဇူလိုင်လကုန်ဩဂုတ်လဆန်းပိုင်းမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မှု ပြီးစီးမှာဖြစ်ပါကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့၏ ပြောကြားချက်အရ သိရှိရသည်။
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး